မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေဗျာ

ဘန်ကောက်သို့လာရောက်လည်ပတ်လိုသူများလည်းဆက်သွယ်နိုင်ပါသည်။

1 2 3 4 5 6 7 8
ပအိုဝ်းအလံ၏အဓိပ္ပယ်ဖွင့်ဆိုချက်

အလံပါကြယ်နှင့် အရောင်များ၏ ဖွင့်ဆိုချက်များ

(က) ကြယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊လူမျိုးတိုင်း၏အများစုသည်ကြယ်သင်္ကေတကိုအများဆုံးအသုံးပြုလေ့ရှိကြောင်းတွေ့ရှိရပါသည်။ 
မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင်ကြယ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာညအခါ၌ကောင်းကင်တွင် အလင်းရောင်အပွင်းကလေးများသဖွယ်မြင်ရသောကောင်းကင်ဗိမာန်နက္ခတ်တာရာဟုဖော်ပြထားသည်။ ကြယ်တို့သည်အေးမြသောအလင်းရောင်ကိုပေးသည်ဟုလူသားတို့ထင်မှတ်ကြသည်။အမှန်မှာ ကြယ်များသည်လည်းနေကဲ့သို့အလင်းရောအပူပါလွှတ်ပေးလျှက်ရှိသည်။နေတွင်ရှိသော ဓာတ်သဘာဝအားလုံးကြယ်တွင်ရှိသည်။အချို့သောကြယ်များသည်နေထက်အဆပေါင်းများစွာ ပိုမို၍တောက်ပကြသည်။အားကောင်းသောမှန်ပြောင်းများဖြင့်ကြည့်လျှင်ကြယ်ပေါင်း သိန်းတစ်ထောင်ခန့်ကိုမြင်နိုင်သည်။ကိုယ်ပိုင်အလင်းရောင်ရှိသောကြယ်ပေါင်းများစွာရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်း ရှိသည်။
အလံများတွင်ကြယ်ဖြင့်အမှတ်အသားပြု၍ဖော်ပြရခြင်းမှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကိုအစွန့်ပစ်ခရီးစဉ်အတိုင်းနောက်တွန့်သည်မရှိရှ့သို့သာဆက်၍ဆက်၍ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ဖြင့်တည်ရှိခဲ့ခြင်း
စသောဂုဏ်၊ အရည်အသွေးများရှိခြင်း ကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အဖြူရောင်သည်လမင်း၏အရောင်ဖြစ်၍အေးချမ်းမှုကိုဖြစ်စေသည်။ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်သိပ်သည်းခြင်း၊
သိမ်မွေ့နူးညံ့ခြင်းစသည့်အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်သည်စည်းကမ်းရှိသော၊စည်းစနစ်ရှိသောအစွမ်းသတ္တိရှိသည်။ကျန်းမာရေးကိုအထောက်အကူပြုသောသဘောကိုဆောင်သည်။ဆေးရုံများတွင်လူနာကုတင်၊အိပ်ယာခင်း၊ခေါင်းအုံးစွပ်၊ခန်းစည်းနှင့်ဆရာဝန်ဝတ်စုံများသည်အဖြူရောင်ကိုသာအသုံးပြုကြသည်။ အဖြူရောင်ကိုမကျန်းမာသူလူမမာတွေ့လိုက်ရရုံဖြင့်စိတ်ချမ်းသာပြီးရောဂါသက်သာစေ၍သောက၊ဒုက္ခများ၊
ပြေပျောက်စေသည်။ခေါင်းအုံးစွပ်ဖြူဖြူဖြင့်အိပ်စက်လျှင်အိပ်မက်လိုလိုမက်တတ်သည်။အရောင်တောက်ပသော
ခါင်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်ဆိုးများ မက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အနီရောင်၏အဓိပ္ပာယ်သည်ရဲရင့်ခြင်း၊သွက်လက်ဖျတ်လတ်ခြင်း၊ခြေမြန်လက်မြန်ရှိခြင်း၊ပြိုင်ဘက်အပေါ် အနိုင်ရလိုမှုစိတ်ဓာတ်ပြင်းထန်ခြင်း၊သူရဲကောင်းဆန်ခြင်း၊စိတ်ဓာတ်ကိုတက်ကြွအောင်လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကိုစိတ်ဓာတ်တက်ကြွစေခြင်းစသောသဘောများဆောင်သည်။အားကစားသမားများ အနီရောင်ဝတ်စုံဝတ်ကစားလိုက်လျှင်စွမ်းအင်များအလိုလိုပြည့်ဝတိုးတက်ပြီးအနိုင်ရလိုစိတ်ပြင်းထန် တတ်ကြသည်။အနီရောင်ကိုကြိုက်နှစ်သက်သောလူများသည်ရဲစွမ်းသတ္တိရှိသူ၊နိုးကြွားတက်ကြွလှုပ်ရှားလိုသူ၊ အတိုက်အခိုက်ဝါသနာပါသူ၊ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြာရောင်၏အဓိပ္ပာယ်သည်အိနြေ္ဒရှိခြင်း၊သိက္ခာရှိခြင်း၊ယုံကြည်စိတ်ချရခြင်းစသောအရည်အချင်းများ ရှိသည်။ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုကိုဖြစ်စေပြီးစိတ်ပြေပျောက်မှု အသွင်ကိုဖန်တီးပေးနိုင်သည်။
အသက်ရှင်သန်မှုကိုအားပေးနိုင်စွမ်းရှိသည်။အောင်မြင်မှုရလိုလျှင်အပြာရောင်ကိုအသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့်အပြာရောင်သည်ခံစားထိခိုက်လွယ်သော၊အေးချမ်းစွာနေလိုသော၊ပျော်ရွှင်မှုကို မက်မောတတ်သော၊ခံစားမှုများကိုထိန်းချုပ်နိုင်သောသဘောလည်းရှိသည်။ထို့ကြောင့်အပြာရောင်ကို ကြိုက်နှစ်သက်သူများသည်နူးညံ့ပျော့ပြောင်းသောနှလုံးသားရှိသူ၊သူတစ်ပါး၏မေတ္တာကိုခံယူလိုသူ၊မေတ္တာထားတတ်သူဖြစ်သကဲ့သို့မိခင်စိတ်ရှိသူ၊အပြစ်ကင်းကင်းနလိုသူများလည်းဖြစ်တတ်ကြသည်
(င) အစိမ်းရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏အဓိပ္ပာယ်သည်နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းဖြစ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုတိုက်ဖျက်ခြင်းသဘောရှိသည့်အပြင်သစ္စာရှိသော၊ကတိတည်သော၊ကြင်နာဂရုဏာတရား ကြီးမားသော၊သူတစ်ပါးကိုကူညီတတ်သော၊ချိုသာရည်မွန်သောသဘောများကိုဆောင်ပါသည်။ အစိမ်းရောင်သည်ကြည်လင်အေးချမ်းသောသဘောရှိသဖြင့်လယ်ကွင်းပြင်စိမ်းကိုကြည့်ရှုရခြင်းသည်
ခြောက်သွေ့နေသောကန္တာရကိုကြည့်ရှုရခြင်းထက်စိတ်ချမ်းသာမှု၊အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။နိုင်ငံတကာဆေးရုံများ၏လူနာခြုံစောင်များ၏အရောင်မှာအစိမ်းရောင်ကိုအသုံးပြုလေ့ ရှိကြသည်။လေအေးပေးစက်တပ်ဆင်ထားသောအခန်းကိုအနီရောင်ဆေးသုတ်ပေးခြင်းထက်အစိမ်းရောင်ဆေး သုတ်ပေးခြင်းကအအေးဓာတ်ပိုစေနိုင်ပါသည်။အစိမ်းရောင်ကိုကြိုက်နှစ်သက်တတ်သူသည်အပူအပင်မရှိ၊ စိတ်ကူးယဉ်တတ်သူဖြစ်လေ့ရှိကြသည်။